၂၀၂၂ ခုနှစ်၏ ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ စာရင်း
ဆရာကြီးဆရာမကြီးများ၏ ကျန်းမာရေးရန်ပုံငွေ
မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏ ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေအကြောင်းသိကောင်းစရာ
မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏ ရည်ရွယ်ချက်များအနက်တခုဖြစ်သောသက်ကြီးဝါကြီးဓာတုအင်ဂျင်နီယာကြီးများအား လူမှုရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်ရည်ရွယ်ပြီး ၁၉/၁/၂၀၁၉ နေ့ (၁/၂၀၁၉) CEC အစည်း အဝေးတွင် ဆရာကြီး/ဆရာမကြီးများ ၏ ကျမ္မာရေးစောင့်ရှောက်မှု ရံပုံငွေတစ်ရပ်ဖော်ဆောင်ရန်သဘောတူဆုံးဖြတ်ခဲ့ပါ သည်။
MAChE အသင်းမှကနဦး ကျပ်သိန်း(၃၀) မတည်ပြီး အသင်းဝင်များနှင့်စိတ်ပါဝင်စားသူများ မှလစဉ် ၂၀၀၀ ကျပ်နှုန်းဖြင့် ထည့်ဝင်လှူဒါန်းကြပြီး နာမကျန်းဖြစ်သူဆရာဆရာမကြီးများအားအသင်းဆုံးဖြတ်ချက်ဖြင့် (၃)သိန်း မှ (၅)သိန်း ထိထောက်ပံ့လှူဒါန်းခဲ့ပါသည်။ထို့အပြင်ဆရာကြီးဆရာ မကြီးများနာမကျန်းဖြစ်သည့်အခါများတွင် လည်းအသင်းမှ ဦးစီး၍ ဆရာကြီးဆရာမကြီးများ ထံခွင့်တောင်းပြီး တပည့်များကျောင်းသားဟောင်းများ၊မိတ်ဆွေများထံမှကျန်းမာရေးစောင့်ရှောက်မှုအလှူငွေများကိုလည်းကောက်ခံလှူဒါန်းပေးအပ်နိုင်ခဲ့ပါသည်။
ယနေ့အထိမြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်းကျမ္မာရေးစောင့်ရှောက်မှုရံပုံငွေမှ
(၁) ဆရာကြီး ဦးခင်အောင်ကြည်
(၂) ဆရာကြီးဒေါက်တာမောင်မောင်ဝင်း
(၃) ဆရာမကြီးဒေါ်အေးအေးကျော်
(၄) ဆရာမကြီးဒေါက်တာ ဒေါ်စန်းမြင့်
စသည်ဖြင့်ကျန်းမာရေးစောင့် ရှောက်မှု အလှူများပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
သို့ပါ၍ စေတနာရှင် အလှူရှင်များအနေဖြင့် မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏ ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေတွင် မိမိနှစ်သက်သလို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းအသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
ဆရာကြီးဦးခင်အောင်ကြည် နှင့် ဆရာကြီးဒေါက်တာမောင်မောင်ဝင်းတို့ထံသို့သွားရောက်ဂါရဝပြုကန်တော့ခဲ့ကြပါသည်။ ဆရာကြီး (၂)ဦးစလုံး ကျန်းမာရွှင်လန်းစွာကန်တော့ခွင့်ရရှိခဲ့ပါသည်။
ဆရာမဒေါ်အေးအေးကျော်အား ကျန်းမာရေးရံပုံငွေ (၅)သိန်းကျပ်ကို ဆာကူရာဆေးရုံသို့သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။

MAChE Social Welfare Fund (Health)
MAChE | |||||
DATE | IN | OUT | Bal | ||
19-1-2019 | MAChE မှမတည်ငွေ သိန်း ၃၀ (1/2019 meeting) | 3000000 | 3000000 | ||
19-1-2019 | Social & Health | ဒေါ်လှလှကြည်မှ လူမှုရေးအလှူငွေပေးခြင်း | 20000 | 3020000 | |
19-1-1019 | Social & Health | ကျန်းမာရေးစောင့်ရှောက်မှု့အလှူငွေကောက်ခံရရှိခြင်း (ပထမကြိမ်) (DNNM) | 260000 | 3280000 | |
19-5-2019 | Social & Health | ကျန်းမာရေးစောင့်ရှောက်မှု့ အလှူငွေ ကောက်ခံရရှိခြင်း (ဒုတိယကြိမ်) (DNNM) | 188000 | 3468000 | |
9-11-2019 | Social & Health | ဆရာဦးရဲမြင့် MAChE ကျန်းမာရေးရံပုံငွေအလှူ | 400000 | 3868000 | |
19-1-2019 | Social & Health | ဆရာမ ဒေါ်အေးအေးကျော် ကျန်းမာရေးစောင့်ရှောက်မှု့ ပေးငွေ (DNNM) | 500000 | 3368000 | |
29-4-2019 | Social & Health | ဒေါက်တာမောင်မောင်ဝင်း ကျန်းမာရေးအလှူငွေပေးခြင်း | 500000 | 2868000 | |
29-4-2020 | Social & Health | ဒေါက်တာမောင်မောင်ဝင်း နာရေးဝမ်းနည်းကြော်ငြာထည့် | 120000 | 2748000 | |
30-6-2020 | Social & Health | ဒေါ်အေးအေးနာရေးပန်းခြင်းပို့ | 60000 | 2688000 | |
9-11-2020 | Social & Health | ဦးခင်အောင်ကြည် နာရေးဝမ်းနည်းကြော်ငြာထည့် သတင်းစာ (၂) စောင် | 120000 | 2568000 | |
10-11-2020 | Social & Health | ဆရာဦးရဲမြင့် MAChE ကျန်းမာရေးရံပုံငွေအလှူ | 500000 | 3068000 | |
15-12-2020 | Social & Health | ဆရာဦးရဲမြင့်(ကျန်းမာရေးရန်ပုံငွေ) လှူဒါန်းခြင်း။ | 150000 | 3218000 | |
29-4-2020 | Social & Health | ဒေါက်တာမောင်မောင်ဝင်းနာရေးဝမ်းနည်းကြော်ငြာထည့် | 120000 | 3098000 | |
5-1-2021 | Social & Health | ဒေါက်တာဒေါ်စန်းမြင့်ကျန်းမာရေးအလှူငွေပေးခြင်း | 500000 | 2598000 |