Skip to content
MAChE
  • Memberships
    • Member Benefits
    • Application
    • Criteria
    • Members
  • Committees
    • Central Executive Committee and Executive Committee
    • Advisory Committee
    • Evaluator Committee
    • Committee for​ Sustainable Development of ChE.Depts
    • Committee for Professional Development​
    • Committee for Administrative, Financial and Social Activities
  • Social
    • Stipend
    • Sayarpuzawpwe
    • World Engineering Day
    • Talk Shows
    • Social Gathering and Visit
  • ChE CPD
    • ChE Education Development
      • Infrastructure
      • Capacity Building
      • Seminar
      • University – Industrial Collaboration
      • Internships & Excursions
      • Publications
    • ChE Professional Development Training
      • Climate Change
        • Presentation
        • Reference
        • Climate Change Meetings
      • Energy
        • Conventional Energy
        • Renewable Energy
      • Food and Chemical Industry
      • Hazardous Chemicals
      • Safety
      • Bio Chemicals
    • CPD Programs
  • Events
    • Annual General Meeting
    • CEC meeting
    • Other meeting
    • Seminar
    • Activities
  • Funds
    • U Khin Aung Kyi Foundation & Individual Contribution Fund
    • Social Welfare Funds
    • Dr.Maung Maung Win Research Fund
    • MAChE Fund
  • Collaboration
    • University
    • INGOs
    • NGOs
    • Industry
  • About
    • Milestones
    • Vision and Mission
    • MOA
    • Registration
    • Contact

Vision and Mission

  • Home
  • Vision and Mission
ရည်ရွယ်ချက် ( VISION )
အသင်း၏လုပ်ငန်းစဉ်များ ( MISSION )
ရည်ရွယ်ချက် ( VISION )

ရည်မှန်းချက် ( vision )

(က) အသင်းဝင်များအချင်းချင်းရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုတိုးတက်စေရေးနှင့် ပညာရေး၊ လူမှုရေးကိစ္စရပ်များတွင်း အသင်း၏ဦးဆောင်မှုဖြင့် အတူတကွပူပေါင်းဆောင်ရွက်ရန်။

(ခ) အသင်းဝင်များ၏အင်ဂျင်နီယာကျင့်ဝတ်နှင့် အရည် အသွေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန်။

(ဂ) ဓာတုအင်ဂျင်နီယာများနှင့် သက်ဆိုင်သော မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းပဒေ များကို အသင်းဝင်များသိရှိလိုက်နာနိုင်ရေး ကူညီဆောင်ရွက်ရန်။

(ဃ) အသင်းဝင်များအချင်းချင်း အပြန်အလှန်အကျိုးပြုနိုင်ရေးအတွက် အသင်းမှ ကူညီဆောင်ရွက်ပေးရန်။

(င) ဓာတုအင်ဂျင်နီယာများနှင့် နည်းပညာတက္ကသိုလ်များရှိ ဓာတုအင်ဂျင်နီယာနှင့် ဆက်စပ် ဘာသာရပ်ဆိုင်ရာ ဌာနများအကြောင်း ရင်းနှီးသောဆက်နွယ်မှုများကို ထိန်းသိမ်းဖော်ဆောင်ပေးရန်၊ ဌာနများ၏ သင်ထောက်ကူလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်၊ ဌာနများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ သုတေသနဆိုင်ရာကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန်နှင့် တက္ကသိုလ်နှင့် စက်မှုလုပ်ငန်းများကြားပူးပေါင်းဆောင်ရွက်ရေး(University-Industry Collaboration) လိုအပ်သောလုပ်ငန်းများ
ဆောင်ရွက်ပေးရန်။

(စ) မျိုးဆက်သစ်အင်ဂျင်နီယာများနှင့်အသင်းဝင်များ၏ အရည်အသွေးတိုးတက်ဖွံ့ဖြိုးရေးအတွက် အတွေ့အ ကြုံဗဟုသုတကောင်းများကို ဆွေးနွေးဟောပြောခြင်း၊ နည်းပညာဆိုင်ရာအချက်အလက်များ ဖြန့်ဝေခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်း၊ ပြည်ပပညာတော်သင်များ စေလွှတ်ခြင်း၊ ပညာသင်ဆုများ ပေးအပ်ခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်း အားဖြင့် ဗဟုသုတအကြားအမြင်ကြွယ်ဝလာသော အတတ် ပညာရှင်များ ပေါ်ပေါက်လာရေးကို အထောက်အကူပြု နိုင်ရန်။

(ဆ) သက်ကြီးဝါကြီး ဓာတုအင်ဂျင်နီယာကြီးများအား လူမှုရေးနှင့် ကျန်းမာရေူစောင့်ရှောက်မှုများပေး ရန်။

(ဇ) နိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက် ပြည်တွင်းပြည်ပမှ အခြားအင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ကျောင်းသားဟောင်းအဖွဲ့များနှင့် လိုအပ်သလို ပူးပေါင်းဆက်သွယ် ဆောင်ရွက်ရန်။

(ဈ) နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်ပြည်တွင်းပြည်ပ အခြားစီးပွားရေး၊ပညာရေး နှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အကျိုးအမြတ် အတွက် မရည်ရွယ်သော အဖွဲ့အစည်းများ၊ နိုင်ငံရေးအတွက်မဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆက်သွယ်ဆောင်ရွက်ရန်။

(ည) နိုင်ငံတော်အဆင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကဲ့သို့သော အသင်း အဖွဲ့များတွင် ဓာတုအင်ဂျင်နီယာများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဖော်ဆောင်ရန်။

(ဋ) ပြည်တွင်းစားသောက်ကုန်နှင့် ဓာတုနည်းပညာရပ်ဆိုင်ရာစက်မှုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြုရန်။

အသင်း၏လုပ်ငန်းစဉ်များ ( MISSION )

အသင်း၏လုပ်ငန်းစဉ်များ(mission)

အသင်း၏ရည်ရွယ်ချက်များကို အသင်း၏အခြေခံမှုများနှင့်အညီအကောင်အထည်ဖော်မည့် မည်သည့်လုပ်ငန်းမဆိုအသင်း၏လုပ်ငန်းစဉ်ဟုမှတ်ယူရပါမည်။

Copyright 2025 — MAChE. All rights reserved.
Scroll to Top