မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း

မှတ်ပုံတင်အမှတ် ၁/ ပြည်တွင်း /၀၈၉၅

အသင်းဝင်လျှောက်လွှာများဖိတ်ခေါ်ခြင်း

၁။ မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း (Myanmar Association Of Chemical Engineering – MAChE) သည် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ၂၀၁၉ ခုနှစ် ၊ဒီဇင်ဘာလ (၂၇ )ရက်နေ့တွင် မှတ်ပုံတင်လတ်မှတ် အမှတ် (၁ /ပြည်တွင်း/ ၀၈၉၅ ) ဖြင့် တရားဝင်ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အသင်း၏ လုပ်ငန်းစဉ်များတွင်ပါဝင်ဆောင်ရွက်လိုသော ဓာတုအင်ဂျင်နီယာများသည် မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း ဖွဲ့စည်းပုံ နှင့် အခြေခံစည်းမျည်း အခန်း (၂) ၊ ပုဒ်မ(၉) အရ ပူးတွဲပါအသင်းဝင် လျှောက်လွှာများကို ဖြည့်စွက်၍ အသင်ဝင်အဖြစ် လျှောက်ထားနိုင်ပြီးဖြစ်ပါကြောင်းလေးစားစွာဖြင့် ဖိတ်ခေါ်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း (MAChE ) အသင်းဝင်အဆိုပြုလျှောက်ထားနိုင်ပါသည်။

1.MAChE Websitehttp://www.mm-mache.org(online registration )
2.MAChE E-mailmache@mm-mache.org
3.MAChE Office၁၁၅၊ ကနောင်မင်းသားကြီးလမ်း ၊ စက်မှုဇုန် (၁) လှိုင်သာယာမြို့၊ ရန်ကုန်တိုင်းဒေသကြီး။
MAChE Phone No(+95) 9 962 703 703
4.အသင်းမှဦးစီးကျင်းပသောအခမ်းအနားများ။

အသင်းဝင်ကြေးသတ်မှတ်ချက်

NOTYPEPRICEYEAR
1.LIFE MEMBER300,000 Ks
2.MEMBER30,000 Ks2 years
3.STUDENT MEMBER2,000 KsUntil Graduation

အသင်းဝင်ကြေးပေးသွင်းရန်

NOBANK NAMEBANK ACCOUNT
1.CB BANK0084 6002 0000 0237

လိုအပ်သောစာရွက်စာတမ်းများ

၁ . မှတ်ပုံတင်မိတ္တူ
၂ . ဘွဲ့လတ်မှတ်မိတ္တူ
၃. ပတ်စပို့ဓာတ်ပုံ (၁) ပုံ
၄. ငွေသွင်းဖြတ်ပိုင်း

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်းဝင်လျှောက်လွှာ(pdf)