Stipend Announcement

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်းပညာသင်ထောက်ပံ့ရေးဆု (Stipend ) ရွေးချယ် စိစစ်ရေးအဖွဲ့

ပညာသင်ထောက်ပံ့ရေးဆု(Stipend)ရွေးချယ်စိစစ်ရေးအဖွဲ ကိုအောက်ပါအတိုင်းဖွဲ့စည်းသတ်မှတ်ပါသည်။

(၁)ဥက္ကဌ

(၂)ဒုဥက္ကဌ

(၃)အတွင်းရေးမှူး

(၄)ဘဏ္ဏာရေးမှူး

(၅)နည်းပညာတက္ကသိုလ်များမှ ဓာတုအင်ဂျင်နီယာဌာနမှူးများ

(၆)စာရင်းစစ်မှူး

(၇)စီနီယာအင်ဂျင်နီယာတစ်ဦး

အသင်းထောက်ပံ့ငွေအားအသင်းရန်ပုံငွေမှသုံးစွဲပုံ

အသင်းထောက်ပံ့ငွေ(Stipend) ပေးရန် ရန်ပုံငွေကို ဘဏ်တခုတွင်စာရင်းသေအပ်ငွေအဖြစ်ထားရှိပြီး လစဉ်ရရှိသော အတိုးငွေမှခွဲဝေသုံးစွဲသွားမည်။

လက်ရှိဘဏ်အပ်ငွေ  (ဦးမောင်မောင်/ဦးမြတ်သွင်/အလှူရှင်များ) ၁၇၉ သိန်း
ဆရာကြီး ဦးရဲမြင့် အလှူငွေ၂၅၀ သိန်း
ဒေါ်တင်တင်မြင့်အလှူငွေ၁၀၀  သိန်း
စုစုပေါင်း၅၂၉  သိန်း
  • ၂၀၁၈-၂၀၁၉ ခုနှစ်အတွက်လစဉ် ကျောင်းသားတဦးလျှင် ၅၀၀၀၀(ငါးသောင်းကျပ်)နှုန်းဖြင့်ထောက်ပံ့ လှူဒါန်းသူများ။

(၁) ဒေါ်တင်စိန်အေး

(၂)ဦးမောင်မောင်အေး(၁၉၈၃)

(၃)ဦးမျိုးမင်းသန့်(၂၀၀၂)

(၄)ဦးကျော်ထွန်း (စင်္ကာပူ)

၂၀၁၈/၂၀၁၉ ခုနှစ်အတွက် Stipend  အား ကျောင်းသား/သူ တစ်ဦးလျှင် ၅၀၀၀၀(ငါးသောင်းကျပ်)နှုန်းဖြင့်  ကျောင်းသား/သူ (၁၁) ဦးအား ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါသည်။

ယခုအခါ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွင်စတိုင်ပင်လျှောက်ထားလိုသူများစတင်ခေါ်ယူနေပြီဖြစ်ပါသည်။အလှူရှင်များအနေဖြင့် ဘဏ်အပ်ငွေစာရင်းအဖြစ် ဖြစ်စေ တစ်ဦးချင်းတိုက်ရိုက်အလှူဖြစ်စေလှူဒါန်းနိုင်ပါသည်။

အကယ်၍ အလှူရှင်များ ပိုမိုလာပါက ယခုထက် ကျောင်းသားဦးရေ ပိုမိုထောက်ပံ့နိုင်မည်ဖြစ်ပါသည်။

သို့ပါ၍ပညာသင်ထောက်ပံ့ကြေးပေးလိုသူ အလှူရှင်များအနေဖြင့် မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း ( MAChE ) သို့ ဆက်သွယ်လှူဒါန်းကြပါရန်လေးစားစွာတိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း