Meeting Minutes 01/2021

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း (MAChE)

အလုပ်အမှုဆောင်ဗဟိုကော်မတီအစည်းအဝေး( ၀၁ /၂၀၂၁)

အစည်းအဝေးမှတ်တမ်း

နေ့စွဲ8-1-2021 (သောကြာနေ့)
အချိန်7:30 PM – 9:30 PM
နေရာZOOM app
တက်ရောက်သူစုစုပေါင်း၂၇ ဦး
ရည်ရွယ်ချက်CEC / EC meeting (01/2021)

CEC အဖွဲ့ဝင်များ

1.ဦးစိန်သောင်းဦး2.ဦးဇော်ဝင်း3.ဒေါ်နွယ်နွယ်သက်
4. ဦးမောင်မောင်အေး5.‌ဒေါ်နွဲ့နွဲ့မြင့်6.ဦးစိုင်းဆိုင်မိုင်း
7. ဦးထွန်းလင်းကျော်8.‌ဒေါ်စိမ့်ရည်ထက်9. ဦးမျိုးဝင်း
10. ဦးမျိုးမင်းသန့်11.ဒေါ်ရွှေစင်မိုး12. ဦးခင်မောင်ဝင်း
13. ဦးစိုးဇာနည်ကျော်14.ဦးနေစိုး15.ဒေါက်တာမေမြတ်ခိုင်
16.ဒေါက်တာဆုမြတ်ထွေး17.ဦးကြည်ထွန်း18. ဦးအောင်စိုးသူ
19.ဦးသင်မောင်မြင့်20.ဒေါ်စိုးစိုးအေး 

EC အဖွဲ့ဝင်များ

1. ဦးကျော်သူသီဟ 2. ဒေါ်ယမင်းလွင်3. ဒေါ်စောမွန်ဌေး
4. ဒေါက်တာမီမီဟန်ထွန်း5. ဒေါက်တာဖြိုးသူအောင်6.ဒေါက်တာချောစုစုမွှေး
7. ဦးလေးကိုကို

ဆုံးဖြတ်ချက်များ

ဆရာကန်တော့ပွဲ bank statement နှင့် ပတ်သတ်၍ဆွေးနွေးခြင်း
ဆရာကန်တော့ပွဲပိုက်ဆံသည်သီးခြားဘဏ်စာရင်းအနေဖြင့်ရှိနေသောကြောင့် ရေရှည်တွင်အဆင်မပြေနိုင်မှုအပေါ်ဆွေးနွေးကာ ဘဏ်စာရင်းကို ပြီးခဲ့ သောနှစ်အတိုင်းသာထားရှိ၍ စာရင်းများကိုသာအချိန်ပြည့် update ပြု လုပ်ရန်ဆုံးဖြတ်ခဲ့ပါ သည်။
ကျောင်းများ၏ရေရှည်ဖွံ့ဖြိုး တိုးတက်မှု နှင့် ပတ်သတ် ၍ဆွေးနွေးခြင်း
ကျောင်းတစ်ကျောင်းချင်းစီအလိုက် zoom application ဖြင့်အသင်း မှကျောင်းများ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သတ်၍ဆွေးနွေးပွဲပြု လုပ်မည့် အပေါ်တွင် ကျောင်းရှိ ဆရာ၊ဆရာမများမှ ၁၆ရက်နေ့ နောက်ပိုင်းမှသာ အဆင်ပြေနိုင်မည်ဖြစ်သောကြောင့် (၁၈၊ ၁၉၊ ၂၀ ၊၂၁၊၂၂ ) ရက်နေ့များတွင် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါသည်။
ရုံးဝန်ထမ်း၏ဆောင်ရွက်သင့် သော တာဝန်များနှင် ့ပတ် သတ် ၍ဆွေးနွေးခြင်း
ရုံးဝန်ထမ်းအနေဖြင့်အသင်း၏-
1. အစည်းအဝေးမှတ်တမ်းများ ၊ ကြေညာချက်များ နှင့် Seminar များကိုအချိန် နှင့် တပြေးညီ Website တွင် update ပြုလုပ်ရန်။
2. အစည်းအဝေးများကို အဖွဲ့ဝင်များအားအချိန်မီဖိတ်ခေါ်ဖုန်းဆက် ပေးရန် နှင့် အစည်းအဝေးမှတ်တမ်းများအား အချိန်မီအဖွဲ့ဝင်များ သို့တင်ပြရန်။
ဆုံးဖြတ်ခဲ့ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု ရံပုံငွေနှင့် ပတ်သတ်၍ ဆွေးနွေး ခြင်း
ဆရာကြီး၊ဆရာမကြီးများအတွက်ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေများကို ပြီးခဲ့သောအစည်းအဝေး မှတ်တမ်းများအရ CEC/EC အဖွဲ့ဝင်များမှ လစဉ် (၂၀၀၀ ကျပ်) ဖြင့် ထည့်ဝင်ခဲ့ကြသည့် ကိစ္စရပ်သည် အကြောင်း အမျိုး မျိုးကြောင့် ရပ်တန့်ခဲ့ခြင်းအပေါ် ပြန်လည်ကောက်ခံရန်ဆုံးဖြတ်ခဲ့ ကြပါ သည်။
Website တွင်တင်ပြမည့် အကြောင်း နှင့် ပတ်သတ်၍ ဆွေးနွေးခြင်း
Website တွင်အသင်းမှ တရားဝင်ထုတ်ပြန်ထားသောအရာများ၊ ဆောင် ရွက်ခဲ့မှုများ၊ အကောင်အထည်ဖော်လျက်ရှိသောကိစ္စရပ်များ နှင့် တစ်လ တစ်ခါ CEC/EC အစည်းအဝေးဆုံးဖြတ်ချက်များကို တစ်လတစ်ခါ Website တွင်တင်ပြသင့်ကြောင်း အကြမ်းဖျင်း ဆုံးဖြတ်ခဲ့ကြပါသည်။
EC အဖွဲ့ဝင်အသင်းများ ထပ် မံခေါ်ယူမှုနှင့် ပတ်သတ်၍ ဆွေးနွေးခြင်း
လစ်လပ်နေသော EC နေရာများတွင် ကျောင်းတစ်ကျောင်းချင်းစီမှ အ နည်းဆုံး ဆရာ၊ဆရာမနှစ်ယောက်အားထပ်မံခေါ်ယူ၍ စိတ်ဝင်စားမည့် မည်သူကိုမဆို လိုအပ်သည့် အဆိုပြုလွှာ များတင်ပြရန်ဆုံး ဖြတ်ခဲ့ ပါသည်။
Viber group များစီစစ်ခြင်း နှင့်ပတ်သတ်၍ဆွေးနွေးခြင်း
ဦးကျော်သူသီဟ၏အကြံပြုမှုအရ Viber group များ များနေမှုအပေါ်အဖွဲ့ တွင်ပါဝင်သောလူများ အားစီစစ်၍ working group အဖြစ် တစ်ခုသာပြု လုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
Year book နှင့် ပတ်သတ်၍ ဆွေးနွေးခြင်း
Year book အား update ပြုလုပ်ရန် လိုအပ်သည့် အချက်အလက်များကို သက်ဆိုင်ရာ ကျောင်းရှိဆရာကြီး၊ဆရာမကြီးများ နှင့် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများ၏စာရင်းအချက်အလက်များကို ထပ်မံ စုဆောင်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အသင်းပေါ်လစီနှင့်ပတ် သတ်၍ဆွေးနွေးခြင်း
Research ပြုလုပ်သောအခါတွင် စနစ်တကျပြုလုပ်နိုင်ရန်အတွက် အသင်း မှပေါ်လစီများကိုချမှတ်ထားသင့်ကြောင်း နှင့် ထိုကိစ္စအားဦးမျိုးမင်းသန့်မှ အစပြုတာဝန်ယူဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

အကြံပြုချက်များ

ဦးကျော်သူသီဟ
MAChE တွင် အသင်းဝင်ထားသော အသင်းဝင်အဖွဲ့ဝင်များ၏ အဖွဲ့ဝင်စာ ရင်းများ၊ အသင်းဝင်သက်တမ်းတိုးမှုများ၊ သက်တမ်းကုန်ဆုံး တော့မည်ဆို လျှင်ကြိုတင်အသိပေးမှုများနှင့် ပတ်သတ်၍အချိန်မီ အသိပေးချက်များကို Website တွင်ထည့်သွင်းတင်ပြသင့်ကြောင်းအကြံပြုခဲ့သည်။
ဦးမောင်မောင်အေး
ဆရာကြီး၊ဆရာမကြီးများ၏ ကျန်မာရေးစောင့်ရှောက်မှုရံပုံငွေ များကို Website တွင်အသိပေးခြင်း နှင့် ပါဝင်လှူတန်းသော ပြင်ပအလှူရှင်များကိုလည်း အထူး ထည့်သွင်း ဖော်ပြသင့်ကြောင်းအကြံပြုခဲ့ပါ သည်။
ဦးလေးကိုကို
Facebook တွင် (ဦးလေကိုကို၊ ဦးကြည်ထွန်းနှင့် ဦးရန်နိုင်အောင်) တို့မှ စီမံသူ Admin အဖြစ်ဆောင်ရွက်လျက်ရှိရာအချက်အလက်များ ပိုမိုစုံလင်စွာအချိန်မီ တင်နိုင်အောင် ထပ်မံ၍(ဦးစိုးဇာနည်ကျော် နှင့် ဦးအောင်စိုးသူ) အား Admin အဖြစ်ပူးပေါင်း ဆောင်ရွက်ရန်တင်ပြဆုံးဖြတ်ခဲ့ပါသည်။
ဒေါ်စိမ့်ရည်ထက်
Website တွင် လူငယ်များအတွက်စိတ်အားထက်သန်မှုရှိစေရန် ဆရာ ကြီး၊ ဆရာမကြီးများ နှင့် စီးပွားရေးတွင်သော်လည်း ကောင်း ၊ ပညာရေး ဘက်တွင် သော်လည်းကောင်း ထူးချွန် ကြသော ပုဂ္ဂိုလ်များ၏အကြောင်း အရာများ ( Who is who?) ကိုဖော်ပြသင့်ကြောင်း အကြံပြုခဲ့ပါသည်။
ဦးသင်မောင်မြင့်
အသင်းအနေဖြင့် ဆရာကြီး၊ဆရာမကြီးများ၏ဆုံးမဪဝါဒများ၊ အသင်း၏ လုပ်ဆောင်နေမှုများ၊ ဓာတုအင်ဂျင်နီယာနှင့် သက်ဆိုင်သော အကြောင်းအရာ များ နှင့် ကြော်ညာများကို အသင်းစာအုပ်များအဖြစ် မှတ်တမ်းတင်ကာ အခမဲ့ ထုတ်ဝေသင့် ကြောင်း တင်ပြအကြံပြုခဲ့ပါသည်။
ဦးမျိုးမင်းသန့်
ဦးမျိုးဝင်းမှ အကြံပြုသော ဆရာကြီးဦးအောင်မြိုင်မှပြုလုပ်သော Talk show တွင် CPD အားပေးအပ်လျှင် RSE လျှောက်ထားလိုသူများ အတွက် ပိုမိုအဆင် ပြေနိုင်ကြောင်း ဦးမျိုးမင်းသန့်မှ ကိုယ်စားတင်ပြ အကြံပြုခဲ့ပါသည်။ – Research နှင့် စာတမ်းတင်ချင်သော ကျောင်းသား၊ကျောင်းသူများမှ ဆရာ၊ ဆရာမများအားတင်ပြ၍ ဆရာ၊ဆရာမများမှ သက်ဆိုင်ရာ ကျွမ်းကျင်သော ဆရာ၊ဆရာမ များ နှင့် ချိတ်ဆက်ပေးခြင်း၊ လိုအပ်သော အသိပညာများကို ဆရာကြီး၊ဆရာမကြီးများမှ ပံ့ပိုးကူညီပေးခြင်း၊ လိုအပ်သော ကုန်ကျစရိတ်များ ကို သက်ဆိုင်ရာကုမ္ပဏီများမှ စိုက်ထုတ် ပေးခြင်းဖြစ်ပြု လုပ်သင့် ကြောင်းကို တင်ပြအကြြံပုခဲ့ပါသည်။

အစည်းအဝေးကို ညနေ ( ၉ နာရီခွဲ )တွင် ပြီးဆုံးသွားပါသည်။