Meeting Minutes 02/2021

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း (MAChE)

MAChE Talk Show ၏ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍

Steering Committee နှင့် information Team အားဖိတ်ခေါ်ခြင်းအစည်းအဝေး

အစည်းအဝေးမှတ်တမ်း (၀၂ / ၂၀၂၁)

နေ့စွဲ၁၉-၁-၂၀၂၁(အင်္ဂါနေ့)
အချိန်7:30PM – 9:00PM
နေရာZoom app
တက်ရောက်သူစုစုပေါင်း၁၉ ဦး
ရည်ရွယ်ချက်MAChE Talk Show ၏ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ဆွေးနွေးခြင်း

CEC အဖွဲ့ဝင်များ

1. ဦးစိန်သောင်းဦး2. ဦးမောင်မောင်အေး3. ဒေါ်နွယ်နွယ်သက်
4. ဦးစိုင်းဆိုင်မိုင်း5. ဒေါ်နွဲ့နွဲ့မြင့်6. ဦးထွန်းလင်းကျော်
7. ဦးဇော်လေးဝင်း8. ဦးအောင်စိုးသူ9. ဦးမျိုးမင်းသန့်
10. ဒေါ်ရွှေစင်မိုး11. ဦးစိုးဇာနည်ကျော်12. ဦးကြည်ထွန်း
13. ဒေါက်တာမေမြတ်ခိုင်  

EC အဖွဲ့ဝင်များ

1. ဦးကျော်သူသီဟ2. ဒေါက်တာမီမီဟန်ထွန်း3. ဒေါက်တာချောစုစုမွှေး
4. ဦးလေးကိုကို5. ဒေါ်ချောချယ်ရီဌေး 

ဧည့်သည်များ

1 . ဦးအောင်သော်

အစီအစဉ်များ

Talk Show ၏အားနည်းချက်၊အားသာ ချက်များနှင့်ရှေ့ဆောင်ရွက်မှုများနှင့် ပတ်သတ်၍ ဆွေးနွေးခြင်း
– MAChE Talk Showများနှင့် သင်တန်းများသည်ဆက်လက်ဆောင် ရွက်လျက်ရှိရာ အဆင့်တစ်ခုသို့ရောက်ရှိနေပြီးဖြစ်၍နောင်တွင်ဆက် လျက်ဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ပြီးခဲ့သော Talk Show များ၏ အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်လုပ် ဆောင်သင့် သည်များကို မေးမြန်းကာ ဆွေးနွေးခဲ့ကြပါသည်။ – အဖွဲ့ဝင်များမှ Talk Show သတ်မှတ်ချိန်များကို တိတိကျကျပြု လုပ်ခြင်းဖြင့်တတ်ရောက်သူများအနေနှင့်လည်းတတ်ရောက်ချိန်ကို မိမိ ဘာသာချင့်ချိန်ဆောင်ရွက်နိုင်ပြီး ပိုပြီးအာရုံစူးစိုက်နိုင်မည်ဖြစ်ကြောင်း တင်ပြ ဆွေးနွေးကာ နောင်လာမည့် Talk Shows များ၏ ကြာချိန်ကို (၂) နာရီထက်မပိုရန်သတ်မှတ်ဆုံးဖြတ်ခဲ့ပါသည်။
Website နှင့်ပတ်သတ်၍ဆွေးနွေးခြင်း
– Website တွင် ဆရာကြီး၊ ဆရာမကြီးများ၏ကျန်မာရေးရံပုံငွေ များအတွက်လှူဒါန်းထားသူများ၏ Information ကိုသိီးသန့်စာရင်း အနေဖြင့် website တွင် update ပြုလုပ်၍ viber တွင်ပြန်လည်မျှဝေ ခြင်းအားဖြင့် လှူတန်း ထားသူများ၏ ယုံကြည်မှုပိုမို တိုးလာနိုင် ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ ပါသည်။
Talk Show ၏ဖိတ်စာနှင့် ပတ်သတ်၍ ဆွေးနွေးခြင်း
– ဖိတ်စာတွင် – ဆွေးနွေးမည့် Topic အကြောင်းအရာများ၊ ဆွေးနွေးမည့်ပုဂ္ဂိုလ် များ၏ကိုယ်ရေးရာဇဝင်အကျဉ်းအလေးပေးဖော်ပြပေးခြင်းဖြင့်တတ် ရောက်သူများမှ ပိုမိုစိတ်ဝင်စားလာနိုင်ကြောင်း နှင့် Facebook တွင်ဖိတ်ခေါ်ရာ၌ ပထမအဆင့်အနေဖြင့် message သဘောဖြင့် သာကြိုတင်သတိပေး၍ အချိန်နီးကပ်လာမှသာ ဖိတ်စာများဖြင့်ဝေမျှ သွားမည် ဖြစ်ကြောင်းတင်ပြဆုံးဖြတ်ခဲ့ပါသည်။
Stipendကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေး ခြင်း
– ဦးရဲမြင့် မှ stipend အတွက် သိန်း(၂၅၀)ကိုလှူတန်းခဲ့ရာ ရေ ရှည်၌အသုံးပြုမည့်အပေါ်တွင် ဦးရဲမြင့်မှယုံကြည်စိတ်ချမှုရှိစေရန် အသင်းအနေဖြင့်လည်း စနစ်တကျလွှဲပြောင်းပေးအပ်သင့်သည့် အကြောင်း ကို ဆွေးနွေးခဲ့့ကြပါသည်။

အကြံပြုချက်များ

ဦးစိုင်းဆိုင်မိုင်း
– MAChE Talk Show သို့တတ်ရောက်သူများအနေဖြင့် အချိန်အားဖြင်. သော်လည်းကောင်း၊နယ်မှတတ်ရောက်သူများအနေဖြင့် အင်တာနက်အ ခြေအနေအားဖြင့်သော်လည်းကောင်း၊ ဖုန်းဘလ်များကုန်ကျနိုင်ခြင်းများ အပေါ်တွင်သော်လည်းကောင်းအသင်းအနေဖြင့်ရေရှည် တွင်ထည့်သွင်း စဉ်းပေးသင့်ကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ဦးကြည်ထွန်း
-Website ရှိ post များကို အခြားsocial media များသို့ share နိုင်သော icon များထည်စေလိုကြောင်း နှင့် register များပြုလုပ်သောအခါ စာရင်းပေးသွင်းခြင်းအောင်မြင်ကြောင်းစာကို email သို့ auto ပြန်ပို့ သည့်စနစ်ဖြင့်ပြုလုပ်စေလိုကြောင်းအကြံပြတင်ပြရာ ဦးအောင်စိုးသူမှ ဆောင်ရွက်ပေးနိုင်ကြောင်းသဘောဆုံးဖြတ်ခဲ့ပါသည်။
ဦးအောင်စိုးသူ
– ပြီးခဲ့သောဗဟိုအမှုဆောင်၊အလုပ်အမှုဆောင်အစည်းအဝေးတွင် ဦးကျော်သူသီဟမှ အကြံပြုသော MAChE အသင်းတွင် အသင်းဝင်ထား သော လူများ၏သက်တမ်းကုန်ဆုံးရက်ကို အသင်းမှအချိန်နှင့်တပြေးညီ အသိပေးနိုင်ရန်အပေါ်တွင် google calendar ကိုအသုံးပြုသွားခြင်း ဖြင့် ရုံးဝန်ထမ်း နှင့် အသင်းဝင်ထားသောလူများဆီသို့ auto အသိပေး ခြင်းများရောက်သွားမည်ဖြစ်ကာ ရုံးဝန်ထမ်းမှလည်း အသင်းဝင်များအား အချိန်မီဆက်သွယ် အကြောင်းကြားနိုင်ကြောင်းတင်ပြကာအဖွဲ့ဝင်များ မှ သဘောတူဆုံးဖြတ်ခဲ့ပါသည်။
ဦးလေးကိုကို
– Facebook ပေါ်တွင် Talk Show အတွက်ဖိတ်ခေါ်မှု share လုပ်သည့် ကိစ္စအပေါ်တွင်ပြင်ဆင်သင့်ကြောင်း နှင့် ရုံးဝန်ထမ်းအား facebook admin အဖြစ်ပါဝင်တာဝန်ယူစေချင်ကြောင်း တင်ပြခဲ့ရာ သဘောတူခဲ့ ပါသည်။
ဦးမျိုးမင်းသန့်
-Talk Show တွင်တတ်ရောက်သူများအား Talk Show တွင်တတ် ရောက်ခြင်းအပေါ်တွင်အခက်အခဲများ၊လိုအပ်ချက်များ၊အမြင်များနှင့်အား နည်းချက်များကိုမေးမြန်း၍စာရင်းများကောက်ခံသင့်ကြောင်း တင်ပြခဲ့ပါ သည်။
ဦးစိန်သောင်းဦး
– ပြီးခဲ့သောကာလများတွင်အသင်း၏ Research Fund အတွက်သီး သန့်လှူတန်းထားမှုများကို စာရင်းဇယားများဖြင့်ပြန်လည်စုစည်း၍ အသင်းမှ Research Fund တစ်ခုဖွင့်ထားသင့်ကြောင်း နှင့် Research Fund ဖွင့်ထားကြောင်းကို website တွင်တင်သွားမည်ဖြစ်ရာ ထိုသို့ ပြုလုပ်ခြင်းအားဖြင့်လူအများ၏စိတ်ဝင်စားမှုကိုပိုမိုရရှိလာနိုင်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို ည (၉ နာရီ)တွင် ပြီးဆုံးသွားပါသည်။