ဖိတ်ကြားလွှာ
မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်းမှ ကြီးမှူး၍ မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်ကျောင်းများအားလုံးရှိ ဓာတုအင်ဂျင်နီယာကျောင်းသား၊သူများ အချင်းချင်းရင်းနှီး ကျွမ်းဝင်စေရေး၊ စည်းလုံးညီညွတ်ရေး၊အသိပညာ ဆွေးနွေးဖလှယ်နိုင်ရေး နှင့် မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏ အကောင်အထည်ဖော်လုပ်ဆောင်နေမှုအခြေအနေများသိရှိနားလည်ပါဝင်ဆောင်ရွက်လာစေရန်ရည်ရွယ်ပြီးအောင်ပါအစီအစဉ်အတိုင်း
MAChE Quiz Competition and Networking (2019 ) ပြိုင်ပွဲ
စျေးရောင်းပွဲတော်များ၊ ကစားပွဲ နှင့် ဖျော်ဖြေရေးကဏ္ဍများမျော်ပွဲရွှင်ပွဲများကို ကျင်းပမည် ဖြစ်သဖြင့် လာရောက်ပူးပေါင်းဆောင်ရွက်ကြပါဝင်ကြပါရန်ဖိတ်ကြားအပ်ပါသည်။
ပါဝင်သည့်အစီအစဉ်များ | |
၁. | MAChE အသင်းအကြောင်းမိတ်ဆက်ပြောကြားခြင်း |
၂. | မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအခန်းကဏ္ဍတိုးမြှင့်ရေးဟောပြောပွဲပြိုင်ပွဲ |
၃. | မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအခန်းကဏ္ဍတိုးမြှင့်ရေး မေးခွန်းအမေးအဖြေ (Quiz ) ပြိုင်ပွဲ |
၄. | ကျောင်းသား၊ကျောင်းသူ များ၏ ကစားပွဲများ ဖျော်ဖြေပွဲများ နှင့် စျေးရောင်းပွဲများ |
ကျင်းပမည့်နေ့ရက်၊နေရာ၊အချိန် | |
နေ့ရက် | ၂၃-၂- ၂၀၁၉ (စနေနေ့ ) |
နေရာ | ရန်ကုန်နည်းပညာတက္ကသိုလ် (YTU ) |
အချိန် | နံနက် (၁၀ ) နာရီ မှ နေ့လည် (၃) နာရီထိ |