Announcement ( 02/2020 )

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်းကြေညာချက်အမှတ် (၂/၂၀၂၀)

၂၀၂ဝ ခုနှစ် ၊ဖေဖော်ဝါရီလ – ( ၂၂ )ရက်

အကြောင်းအရာ ။                      ။ မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏ ၂၀၂ဝခုနှစ်အတွက်စတိုင်ပင်ကျောင်းသားစာရင်းထုတ်ပြန်ကြေညာခြင်း

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏ ၂၀၂ဝခုနှစ် အတွက် စတိုင်ပင်ထောက်ပံ့ကြေးပေးနိုင်ရန် ဖိတ်ခေါ်ခဲ့ရာစတိုင်ပင်လျှောက်ထားသူ(၁၆)ဦးရှိပြီး၊ အလှူရှင် (၁၁)ဦးရရှိခဲ့ပါသည်။  အလှူရှင်များ၏လှူဒါန်းမှုများကြောင့် လျှောက်ထားသူကျောင်းသားအားလုံးသို့စတိုင်ပင်ထောက်ပံ့ကြေးများ ပေးနိုင်မည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂ဝခုနှစ်အတွက်ယခင်နှစ်မှကျောင်းသားဟောင်း(၅)ဦး နှင့် ယခုနှစ် ကျောင်းသားသစ် (၁၆) ဦး စုစုပေါင်း(၂၁) ဦးစတိုင်ပင်ပေးမည်ဖြစ်ပါကြောင်းကြေညာအပ်ပါသည်။

လေးစားစွာဖြင့်

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း